Skip to main content

အမျိုးသားတွေအတွက် အလန်းဆုံးဖြစ်စေမယ့် Hairstyles များ



ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေတင်မဟုတ်ပဲ အမျိုးသားတွေ ကပါ သူတို့ရဲ့ စတိုင်ကို ဂရုစိုက်လာကြပါတယ်။ အမျိုးသားတွေ အတုယူသင့်တဲ့ Hairstyles တွေကို ဖော်ပြပေးချင်ပါတယ်။ ဒီ Hairstyles တွေဟာ အလန်းဆုံး Hairstyles တွေအဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ စတိုင်တွေပါ။

# Zayn Malik





Zayn Malik ကတော့ မကြာခဏဆိုသလို အမိုက်စားဆံပင်စတိုင်တွေကို ပြောင်းလဲ တတ်သူပါ။ ဒီစတိုင်ကလည်း သူ့ရဲ့ နာမည်ကြီး စတိုင်တွေထဲက တစ်ခုပါ။ လှိုင်းတွန့်မျိုးပါတာကို မကြိုက်ပဲ ဒီထက်ပိုပြီး Gentleman စတိုင်ဘက်ကို သွားချင်တယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အချွန်အထောင် စတိုင်မျိုးကို ရွေးလို့ရပါတယ်။

# David Beckham





David Beckham ကလည်း အမျိုးသားတွေရဲ့ ဖက်ရှင်စံပြ မော်ဒယ်တစ်ယောက်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး။သူ့ရဲ့ ဒီစတိုင်ကလည်း အမျိုးသားတွေကြား အတော်လေး ရေပန်းစားခဲ့ပါတယ်။ နောက်ထုံး စတိုင်ပါ။ အရှည်မကြိုက်ဘူး Gentle man စတိုင်ဘက်ကိုပဲ သွားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ထားလို့ ရပါတယ်။

# Zac Efron



Zac ရဲ့ ဒီဆံပင်စတိုင်ကတော့ လူငယ်ပုံစံလည်း မပျောက်သလို Smart ဖြစ်တဲ့ စတိုင်ပါ။


# Chris Hemsworth



သြစတြေးလျ မင်းသားချော Chris Hemsworth ရဲ့ Gentleman စတိုင်ပါ။ ဒီဆံပင်စတိုင်ကလည်း အတော်လေး ရေပန်းစားခဲ့ပါတယ်။

# Darren Criss



လှိုင်းတွန့်လေးတွေ လုပ်ထားတဲ့ တမျိုးဆန်းတဲ့ ဒီ Hairstyle ကလည်း အလန်းဆုံးစတိုင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

# Brad Pitt



Brad Pitt ရဲ့ ဒီ Hairstyle ကလည်း ရိုးရှင်းတဲ့ ဆံပင်စတိုင်ကိုမှ ကြိုက်တဲ့ အမျိုးသားတွေအနေနဲ့ ရွေးချယ်သင့်တဲ့ Hair style တစ်ခုပါ။ ဒီထက် နည်းနည်းလေး ပိုဆန်း၊ ပိုလန်းတဲ့ စတိုင်ကို ကြိုက်သူတွေ အတွက်ကတော့ အောက်က ပုံစံ စတိုင်မျိုးကို ရွေးချယ်သင့်ပါတယ်။

# Harry Styles





NBC’s ‘Today’  ပွဲကို ဖျော်ဖြေခဲ့တုန်းက Harry Styles ရဲ့ Hair style ပါ။

# Liam Hemsworth



Liam Hemsworth ရဲ့ ခပ်ဖွဖွစတိုင် ဆံပင်ရှည်ကလည်း အလန်းဆုံး Hairstyle အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

# Diego Boneta



အဆိုတော် Diego Boneta ရဲ့ ဆံပင်အထူကို သဘာဝ Wave လေးတွေနဲ့ Hairstyle ကလည်း (၂၀၁၇) အတွက် အလန်းဆုံး စတိုင်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

# Justin Bieber



နွေရာသီနဲ့လည်း လိုက်ဖက်သလို လူငယ်စတိုင် ခေတ်စကားနဲ့ ဆိုရင်တော့ လုံးဝလန်းချင်၊ ဂေါ်ချင်တယ်ဆိုရင်တော့ JB ရဲ့ ဒီ Hairstyle ကို ရွေးချယ်သင့်ပါတယ်။

# Cristiano Ronaldo



Ronaldo ရဲ့ ဒီစတိုင်ကလည်း အမျိုးသားတွေကြား ရေပန်းစားခဲ့တဲ့ Hairstyle တွေထဲက တစ်ခုပါ။

from usatoday

SHARE FROM SHWEMOM 

Comments

Popular posts from this blog

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အောင်လအန်ဆန်ကို ဂုဏ်ပြုလွှာပေးပို့

မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော အောင်လအန်ဆန်နဲ့ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မချာဒိုတို့ရဲ့ ပွဲစဉ်မှာ အောင်လအန်ဆန်က အချိန်တိုအတွင်း အနိုင်ယူထိုးခဲ့တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုလွှာတစ်ခု ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းသတင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွက်စာမျက်နှာမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် ဘရားဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ပထမအချီအတွင်း အနိုင်ရခဲ့သည့် ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့် အောင်လအန်ဆန် အား ဂုဏ်ပြုစာလွှာပေးအပ်သည်။ လို့ ရေးသားထားပါတယ်။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းကလည်း မစ်ဒယ်ဝိတ်ချန်ပီယံခါပတ်ကိုယူပေးခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံ ဂုဏ်ကိုဖန်တီးပြနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံနှင့်အတူ အခြားအကြီးအကဲများကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ အောင်လအန်ဆန်ဟာ ၈ လတာ

မိမိတက်တူးကိုပြသသည့် တက်တူးပွဲတော် ထိုင်းနိုင်ငံက ဈေးဝယ်စင်တာမှာပြုလုပ်ခဲ့

တက်တူးတွေ အပြည့်ထိုးထားသူဆို လူငယ်ချင်းသဘောကျတတ်ပါတယ်။လက်ရာကောင်းတာ ပုံဆန်းတာမျိုးဆို ပိုလို့တောင် သဘောကျပြီး ဒါဟာ ခေတ်ရေစီးကြောင်းရဲ့ ဖက်ရှင်လိုမျိုးဖြစ်နေပြီဖြစ်ပါတယ်။ တခါတလေဆို တက်တူးပညာရှင်တွေဖိတ်ခေါ်ပြီး တက်တူးပြိုင်ပွဲတွေလုပ်တာတောင်ရှိပါတယ်။ ဒါပေမယ့် တက်တူးထိုးထားသူတွေ စုဝေးပြီး တက်တူးအလှပြတဲ့ ပွဲတော်ဆိုတာ မရှိပါဘူး။ထိုင်းကတော့ ဒါကို လုပ်လိုက်တာဖြစ်ပါတယ်။ ထိုင်နိုင်ငံအရှေ့ပိုင်းက ဈေးဝယ်စင်တာတခုမှာ တက်တူးထိုးထားသူတွေ မိမိတို့ တက်တူးအလှကိုပြသတဲ့ပွဲတော်လုပ်လိုက်ပါတယ်။ပွဲမှာပါဝင်သူတွေဟာ နေရာဒေသမတူသလို တယောက်နဲ့တယောက်ထိုးထားတဲ့ လက်ရာတွေမတူကြပါဘူး။သူတို့ဟာ နံငယ်ပိုင်းလောက်ပဲ ဖုံးအုပ်ပြီး တကိုယ်လုံးနီးပါးတက်တူးတွေ ထိုးထားသူတို့ရဲ့ စိတ်ကြိုက်အလှပြပွဲတော်ဖြစ်ခဲ့ပါတယ်။ ဈေးဝယ်သူတွေလည်း ကြိတ်ကြိတ်တိုးကြည့်ခဲ့ကြပြီး ဓာတ်ပုံရိုက်နေတဲ့ အသက်ခပ်လတ်လတ် လူတစ်ဦးကတောင် ကျုပ်မိန်းမနဲ့ သမီးတော့ ဈေးဝယ်ဖို့ မေ့နေပြီလို့ ခပ်နောက်နောက်ပြောခဲ့ပါတယ်။ တချို့ကလည်း ဒါဟာ ထိုင်းရိုးရာမဟုတ်လို့ လက်မခံဘူးလို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာလည်း လူစည်ကားရာအရပ်မှာ နံငယ်ပိုင်းနဲ့ တက်တူးတွေ ပြသသင့်ခြင်းကို လက်မခံဘူးလို့ ထ