Skip to main content





























မိမိတက်တူးကိုပြသသည့် တက်တူးပွဲတော် ထိုင်းနိုင်ငံက ဈေးဝယ်စင်တာမှာပြုလုပ်ခဲ့

တက်တူးတွေ အပြည့်ထိုးထားသူဆို လူငယ်ချင်းသဘောကျတတ်ပါတယ်။လက်ရာကောင်းတာ ပုံဆန်းတာမျိုးဆို ပိုလို့တောင် သဘောကျပြီး ဒါဟာ ခေတ်ရေစီးကြောင်းရဲ့ ဖက်ရှင်လိုမျိုးဖြစ်နေပြီဖြစ်ပါတယ်။

တခါတလေဆို တက်တူးပညာရှင်တွေဖိတ်ခေါ်ပြီး တက်တူးပြိုင်ပွဲတွေလုပ်တာတောင်ရှိပါတယ်။

ဒါပေမယ့် တက်တူးထိုးထားသူတွေ စုဝေးပြီး တက်တူးအလှပြတဲ့ ပွဲတော်ဆိုတာ မရှိပါဘူး။ထိုင်းကတော့ ဒါကို လုပ်လိုက်တာဖြစ်ပါတယ်။

ထိုင်နိုင်ငံအရှေ့ပိုင်းက ဈေးဝယ်စင်တာတခုမှာ တက်တူးထိုးထားသူတွေ မိမိတို့ တက်တူးအလှကိုပြသတဲ့ပွဲတော်လုပ်လိုက်ပါတယ်။ပွဲမှာပါဝင်သူတွေဟာ နေရာဒေသမတူသလို တယောက်နဲ့တယောက်ထိုးထားတဲ့ လက်ရာတွေမတူကြပါဘူး။သူတို့ဟာ နံငယ်ပိုင်းလောက်ပဲ ဖုံးအုပ်ပြီး တကိုယ်လုံးနီးပါးတက်တူးတွေ ထိုးထားသူတို့ရဲ့ စိတ်ကြိုက်အလှပြပွဲတော်ဖြစ်ခဲ့ပါတယ်။

ဈေးဝယ်သူတွေလည်း ကြိတ်ကြိတ်တိုးကြည့်ခဲ့ကြပြီး ဓာတ်ပုံရိုက်နေတဲ့ အသက်ခပ်လတ်လတ် လူတစ်ဦးကတောင် ကျုပ်မိန်းမနဲ့ သမီးတော့ ဈေးဝယ်ဖို့ မေ့နေပြီလို့ ခပ်နောက်နောက်ပြောခဲ့ပါတယ်။

တချို့ကလည်း ဒါဟာ ထိုင်းရိုးရာမဟုတ်လို့ လက်မခံဘူးလို့ ဆိုပါတယ်။

အမျိုးသမီးတွေဟာလည်း လူစည်ကားရာအရပ်မှာ နံငယ်ပိုင်းနဲ့ တက်တူးတွေ ပြသသင့်ခြင်းကို လက်မခံဘူးလို့ ထိုင်းလူကြီးတချိုကက ကန့်ကွက်တာဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ နောက်ကျောအပြည့် တက်တူးတွေကို ပြသခဲ့တာဖြစ်ပါတယ်။ဒါက တရားဝင်ကျင်းပတဲ့ ပွဲမဟုတ်လို့ ရဲတွေ ရောက်လာခဲ့ပြီး ဒဏ်ကြေးအနေနဲ့ စတာလင်ပေါင် 114 ပေါင် ဆောင်ခဲ့ရပါတယ်။

ဒီအတွက် ပွဲကျင်းပသူ Damrong Uansoongnern က တလအလိုထဲက ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ရဲတွေဆီ ပါမစ်ယူဖို့တော့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။တချို့သော လူတွေရဲ့ တက်တူးတွေဟာ တင်ပါးမှာရှိနေတဲ့ စင်တာက တချို့လူတွေက ဒါကို သရုပ်ပျက်ပြသမှုဆိုပြီး တိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဒဏ်ကြေးဟာ ပွဲစီစဉ်သူနဲ့ ခေါင်းကြီးပိုင်းတွေကို တယောက်ချင်းဆီကောက်လိုက်တဲ့ ဒဏ်ကြေးလို့ ရဲအရာရှိက ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် အဲ့နေ့က လူသွားလျှောက်လမ်းတောင် လူတွေပြည့်ခဲ့အထိ စည်စည်ကားကားရှိခဲ့တာ အသေချာပါပဲ။

SHARE FROM ပြောချင်လွန်းလို့ 

Comments

Popular posts from this blog

အမျိုးသားတွေအတွက် အလန်းဆုံးဖြစ်စေမယ့် Hairstyles များ

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေတင်မဟုတ်ပဲ အမျိုးသားတွေ ကပါ သူတို့ရဲ့ စတိုင်ကို ဂရုစိုက်လာကြပါတယ်။ အမျိုးသားတွေ အတုယူသင့်တဲ့ Hairstyles တွေကို ဖော်ပြပေးချင်ပါတယ်။ ဒီ Hairstyles တွေဟာ အလန်းဆုံး Hairstyles တွေအဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ စတိုင်တွေပါ။ # Zayn Malik Zayn Malik ကတော့ မကြာခဏဆိုသလို အမိုက်စားဆံပင်စတိုင်တွေကို ပြောင်းလဲ တတ်သူပါ။ ဒီစတိုင်ကလည်း သူ့ရဲ့ နာမည်ကြီး စတိုင်တွေထဲက တစ်ခုပါ။ လှိုင်းတွန့်မျိုးပါတာကို မကြိုက်ပဲ ဒီထက်ပိုပြီး Gentleman စတိုင်ဘက်ကို သွားချင်တယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အချွန်အထောင် စတိုင်မျိုးကို ရွေးလို့ရပါတယ်။ # David Beckham David Beckham ကလည်း အမျိုးသားတွေရဲ့ ဖက်ရှင်စံပြ မော်ဒယ်တစ်ယောက်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး။သူ့ရဲ့ ဒီစတိုင်ကလည်း အမျိုးသားတွေကြား အတော်လေး ရေပန်းစားခဲ့ပါတယ်။ နောက်ထုံး စတိုင်ပါ။ အရှည်မကြိုက်ဘူး Gentle man စတိုင်ဘက်ကိုပဲ သွားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ထားလို့ ရပါတယ်။ # Zac Efron Zac ရဲ့ ဒီဆံပင်စတိုင်ကတော့ လူငယ်ပုံစံလည်း မပျောက်သလို Smart ဖြစ်တဲ့ စတိုင်ပါ။ # Chris Hemsworth ၾသစေၾတးလ်

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အောင်လအန်ဆန်ကို ဂုဏ်ပြုလွှာပေးပို့

မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော အောင်လအန်ဆန်နဲ့ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မချာဒိုတို့ရဲ့ ပွဲစဉ်မှာ အောင်လအန်ဆန်က အချိန်တိုအတွင်း အနိုင်ယူထိုးခဲ့တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုလွှာတစ်ခု ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းသတင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွက်စာမျက်နှာမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် ဘရားဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ပထမအချီအတွင်း အနိုင်ရခဲ့သည့် ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့် အောင်လအန်ဆန် အား ဂုဏ်ပြုစာလွှာပေးအပ်သည်။ လို့ ရေးသားထားပါတယ်။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းကလည်း မစ်ဒယ်ဝိတ်ချန်ပီယံခါပတ်ကိုယူပေးခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံ ဂုဏ်ကိုဖန်တီးပြနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံနှင့်အတူ အခြားအကြီးအကဲများကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ အောင်လအန်ဆန်ဟာ ၈ လတာ