Skip to main content

Posts

ကိုယ်အလေးချိန် ၁ပေါင်တောင်မရှိပဲ အသက်ရှင်လာတဲ့ကလေးငယ်

ကိုးလလွယ်၊ ဆယ်လဖွားဆိုတဲ့ စကားအတိုင်း အမျိုးသမီးများမီးဖွားရတဲ့အခါအလွန်ပင်ခက်ခဲ ကြမ်းတမ်းလှပါတယ်။ မီးဖွားပြီးတဲ့အချိန်မှာလည်း မိမိမွေးဖွားတဲ့ကလေး ကျန်းမာစွာနဲ့ မွေးဖွားလာရဲ့ လားဆိုတာ သိချင်တဲ့အချိန်အခိုက်အတန့်ဟာ ကမ္ဘာပေါ်ကမိဘတိုင်းမှာရှိခဲ့တဲ့ ရင်ခုန်စိတ်အလှုပ်ရှားရဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ မွေးဖွားချိန်ထက် ၁၂ပတ်စောပြီးမွေးဖွားလာကာ ကိုယ်အလေးချိန်ပေါင် 0.8ပေါင်ပဲရှိခဲ့ပါတယ်။ ထိုကလေးလေးရဲ့ အမည်ကတော့ Manushiလို့ခေါ်ပြီး မွေးကာစအချိန်မှာ အလွန်နည်းလွန်းတဲ့ ကိုယ်အလေးချိန်ကြောင့် အသက်ရှင်နိုင်ခြေအလွန်နည်းတယ်လို့ ဆရာဝန်များ မှတ်ချက်ချခဲ့ပါတယ်။ သို့သော်လည်း Maushi လေးဟာ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ယခုအချိန်အထိ အသက်ရှင်နေနိုင်ခဲ့ပါတယ်။  Maushiလေးယခုလိုလမစေ့ပဲ စောပြီး မွေးဖွားလာရခြင်းမှာ ကိုယ်ဝန်လွယ်ထားရတဲ့ အသက်၄၆ နှစ်အရွယ် မိခင်ရဲ့ ရုတ်တရက် ဆောင့်တက်လာတဲ့ သွေးအားကြောင့်ဖြစ်ပြီး အဆိုပါအခြေနေမျိုးမှာ မိခင်နှင့်ကလေးနှစ်ဦးလုံး အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် လမစေ့ပဲ ခွဲမွေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ Maushiလေးဟာ ယခုအခါမှာတော့ ၆လသားအရွယ်ရောက်နေပြီဖြစ်ပြီး ဆေးရုံမှဆင်းခွ
Recent posts

မိမိတက်တူးကိုပြသသည့် တက်တူးပွဲတော် ထိုင်းနိုင်ငံက ဈေးဝယ်စင်တာမှာပြုလုပ်ခဲ့

တက်တူးတွေ အပြည့်ထိုးထားသူဆို လူငယ်ချင်းသဘောကျတတ်ပါတယ်။လက်ရာကောင်းတာ ပုံဆန်းတာမျိုးဆို ပိုလို့တောင် သဘောကျပြီး ဒါဟာ ခေတ်ရေစီးကြောင်းရဲ့ ဖက်ရှင်လိုမျိုးဖြစ်နေပြီဖြစ်ပါတယ်။ တခါတလေဆို တက်တူးပညာရှင်တွေဖိတ်ခေါ်ပြီး တက်တူးပြိုင်ပွဲတွေလုပ်တာတောင်ရှိပါတယ်။ ဒါပေမယ့် တက်တူးထိုးထားသူတွေ စုဝေးပြီး တက်တူးအလှပြတဲ့ ပွဲတော်ဆိုတာ မရှိပါဘူး။ထိုင်းကတော့ ဒါကို လုပ်လိုက်တာဖြစ်ပါတယ်။ ထိုင်နိုင်ငံအရှေ့ပိုင်းက ဈေးဝယ်စင်တာတခုမှာ တက်တူးထိုးထားသူတွေ မိမိတို့ တက်တူးအလှကိုပြသတဲ့ပွဲတော်လုပ်လိုက်ပါတယ်။ပွဲမှာပါဝင်သူတွေဟာ နေရာဒေသမတူသလို တယောက်နဲ့တယောက်ထိုးထားတဲ့ လက်ရာတွေမတူကြပါဘူး။သူတို့ဟာ နံငယ်ပိုင်းလောက်ပဲ ဖုံးအုပ်ပြီး တကိုယ်လုံးနီးပါးတက်တူးတွေ ထိုးထားသူတို့ရဲ့ စိတ်ကြိုက်အလှပြပွဲတော်ဖြစ်ခဲ့ပါတယ်။ ဈေးဝယ်သူတွေလည်း ကြိတ်ကြိတ်တိုးကြည့်ခဲ့ကြပြီး ဓာတ်ပုံရိုက်နေတဲ့ အသက်ခပ်လတ်လတ် လူတစ်ဦးကတောင် ကျုပ်မိန်းမနဲ့ သမီးတော့ ဈေးဝယ်ဖို့ မေ့နေပြီလို့ ခပ်နောက်နောက်ပြောခဲ့ပါတယ်။ တချို့ကလည်း ဒါဟာ ထိုင်းရိုးရာမဟုတ်လို့ လက်မခံဘူးလို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာလည်း လူစည်ကားရာအရပ်မှာ နံငယ်ပိုင်းနဲ့ တက်တူးတွေ ပြသသင့်ခြင်းကို လက်မခံဘူးလို့ ထ

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အောင်လအန်ဆန်ကို ဂုဏ်ပြုလွှာပေးပို့

မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော အောင်လအန်ဆန်နဲ့ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မချာဒိုတို့ရဲ့ ပွဲစဉ်မှာ အောင်လအန်ဆန်က အချိန်တိုအတွင်း အနိုင်ယူထိုးခဲ့တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုလွှာတစ်ခု ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းသတင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွက်စာမျက်နှာမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် ဘရားဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ပထမအချီအတွင်း အနိုင်ရခဲ့သည့် ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့် အောင်လအန်ဆန် အား ဂုဏ်ပြုစာလွှာပေးအပ်သည်။ လို့ ရေးသားထားပါတယ်။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းကလည်း မစ်ဒယ်ဝိတ်ချန်ပီယံခါပတ်ကိုယူပေးခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံ ဂုဏ်ကိုဖန်တီးပြနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံနှင့်အတူ အခြားအကြီးအကဲများကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ အောင်လအန်ဆန်ဟာ ၈ လတာ

“Call Of Duty” ဂိမ်းအတွေ့အကြုံနဲ့ ဆီးရီးယားမှာ စစ်တိုက်ခဲ့တဲ့ စစ်သား

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန် ကော်လိုရာဒိုပြည်နယ်သား ဂျွန်ဒူတန်ဟော်ဖာဟာ ဆီးရီးယားနိုင်ငံမှာ (၂၀၁၇) ဧပြီလကနေ အောက်တိုဘာလအထိ ငါးလကြာအောင် ISIS အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့ပါတယ်။ သာမာန် ရုံးလုပ်သားတစ်ဦးဖြစ်တဲ့ ဂျွန်မှာ စစ်မက်ရေးရာနဲ့ပတ်သတ်တဲ့ အတွေ့အကြုံ လုံးဝမရှိပါဘူး။ ဒါပေမယ့် ဂိမ်မာတစ်ဦးဖြစ်တဲ့ဂျွန်က ရှေ့တန်းစစ်မြေပြင်ကို လုံးဝအကြောက်အလန့်မရှိဘဲ သူအရမ်းကြိုက်တဲ့ “Call Of Duty” ဂိမ်းထဲက အတွေ့အကြုံတွေနဲ့ ဆီးရီးယားနိုင်ငံ ရက်ကာမြို့မှာ တိုက်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။ ဂျွန်ဟာ ဆီးရီးယားနိုင်ငံ ရက်ကာမြို့မှာ ကာဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အတူတူ တိုက်ပွဲဝင်ခဲ့ပြီး လက်ဖြောင့်စ နိုက်ပါသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျွန်က “ကျွန်တော် အရင်ကတော့ တစ်နေ့ကို (၁၃)နာရီလောက် Call Of Duty ကစားလေ့ရှိပါတယ်။ သေနတ်တွေ၊ တိုက်ပွဲတွေနဲ့ ပတ်သတ်တဲ့ အခြေခံဗဟုသုတတွေကို ဒီဂိမ်းထဲကနေ သင်ယူခဲ့တာပါ။ ဒီအခြေခံဗဟုသုတတွေက ကျွန်တော့်ကို ဆီးရီးယားမှာ ကောင်းကောင်းအကျိုးပြုခဲ့ပါတယ်” လို့လည်း ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင် ဂျွန်က ဆီးရီးယားမှာ ရှိနေစဉ်ကာလမှာလည်း ညဘက်တွေမှာ အခြားနာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Dungeons and D

အမျိုးသားတွေအတွက် အလန်းဆုံးဖြစ်စေမယ့် Hairstyles များ

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေတင်မဟုတ်ပဲ အမျိုးသားတွေ ကပါ သူတို့ရဲ့ စတိုင်ကို ဂရုစိုက်လာကြပါတယ်။ အမျိုးသားတွေ အတုယူသင့်တဲ့ Hairstyles တွေကို ဖော်ပြပေးချင်ပါတယ်။ ဒီ Hairstyles တွေဟာ အလန်းဆုံး Hairstyles တွေအဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ စတိုင်တွေပါ။ # Zayn Malik Zayn Malik ကတော့ မကြာခဏဆိုသလို အမိုက်စားဆံပင်စတိုင်တွေကို ပြောင်းလဲ တတ်သူပါ။ ဒီစတိုင်ကလည်း သူ့ရဲ့ နာမည်ကြီး စတိုင်တွေထဲက တစ်ခုပါ။ လှိုင်းတွန့်မျိုးပါတာကို မကြိုက်ပဲ ဒီထက်ပိုပြီး Gentleman စတိုင်ဘက်ကို သွားချင်တယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အချွန်အထောင် စတိုင်မျိုးကို ရွေးလို့ရပါတယ်။ # David Beckham David Beckham ကလည်း အမျိုးသားတွေရဲ့ ဖက်ရှင်စံပြ မော်ဒယ်တစ်ယောက်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး။သူ့ရဲ့ ဒီစတိုင်ကလည်း အမျိုးသားတွေကြား အတော်လေး ရေပန်းစားခဲ့ပါတယ်။ နောက်ထုံး စတိုင်ပါ။ အရှည်မကြိုက်ဘူး Gentle man စတိုင်ဘက်ကိုပဲ သွားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ထားလို့ ရပါတယ်။ # Zac Efron Zac ရဲ့ ဒီဆံပင်စတိုင်ကတော့ လူငယ်ပုံစံလည်း မပျောက်သလို Smart ဖြစ်တဲ့ စတိုင်ပါ။ # Chris Hemsworth ၾသစေၾတးလ်